၁၃၀၁ / ၁၉၃၉
တပေါင်းလပြည့်၊ ၁၉၃၉ ခုနှစ် မတ်လ ၂၂ ရက်၊ စနေနေ့တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ၌ ခမည်းတော် ဦးစံလှနှင့် မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်တော်မူခဲ့သည်။
ထေရုပ္ပတ္တိ
ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အတ္ထုပ္ပတ္တိ၊ ပညာရေးမှတ်တမ်းနှင့် သာသနာပြုလုပ်ငန်းများကို အကျဉ်းချုပ်ဖော်ပြထားပါသည်။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့တွင်လည်း ပါမောက္ခချုပ်ဆရာတော်အဖြစ် ထင်ရှားတော်မူသည်။
ဆရာတော်သည် စာပေပြုစုခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်းနှင့် ယဉ်ကျေးလိမ္မာလူငယ်သင်တန်းများ ဖွင့်လှစ်ခြင်းတို့ဖြင့် သာသနာရေးနှင့် ဓမ္မပညာရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိသည်။
၁၃၀၁ / ၁၉၃၉
တပေါင်းလပြည့်၊ ၁၉၃၉ ခုနှစ် မတ်လ ၂၂ ရက်၊ စနေနေ့တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ၌ ခမည်းတော် ဦးစံလှနှင့် မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်တော်မူခဲ့သည်။
၁၃၀၅ / ၁၉၄၄
အသက် ၅ နှစ်အရွယ်တွင် ညောင်ပင်ရွာ ပေါ်တော်မူကျောင်း ဆရာတော် ဦးကေလာသထံ၌ မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
၁၃၁၁ / ၁၉၄၉
အသက် ၁၀ နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး ဝိပဿနာဂန္ဓာရုံချောင်၌ စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုခဲ့သည်။
၁၃၂၁ / ၁၉၅၈
စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မဟာသုဗောဓာရုံကျောင်းတိုက် သာသနမဉ္ဇရီသိမ်၌ ရဟန်းဘဝသို့ ရောက်ရှိတော်မူခဲ့သည်။
၁၃၁၄ / ၁၉၅၃
အသက် ၁၃ နှစ်တွင် အဘိဓမ္မာစာမေးပွဲ သုံးဆင့်ကို စတင်အောင်မြင်ခဲ့သည်။
၁၃၁၇ / ၁၉၅၆
အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူး ၂ ကျမ်းနှင့်အတူ အောင်မြင်၍ သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
၁၃၂၀ / ၁၉၅၈
သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရရှိခဲ့ပြီး စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်တော်မူခဲ့သည်။
၁၃၂၅-၁၃၂၇ / ၁၉၆၄-၁၉၆၆
ရန်ကုန် စေတိယင်္ဂဏ အဘိဝံသဘွဲ့၊ သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့နှင့် မန္တလေး သကျသီဟ အဘိဝံသဘွဲ့တို့ကို ရရှိခဲ့သည်။
၁၃၂၈ / ၁၉၆၇
ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိမြန်မာ ကျမ်းပြုအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်္ဂလိပ်ဘာသာကိုလည်း စတင်လေ့လာခဲ့သည်။
၁၃၃၂ / ၁၉၇၁
ဓမ္မစာပေများကို ရေးသားပြုစုခဲ့ပြီး မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးလုံးဖြင့် စာအုပ်များ ထုတ်ဝေခဲ့သည်။
၁၃၃၉ / ၁၉၈၀
စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်အဖြစ် စတင်ဆောင်ရွက်ပြီး စာမေးပွဲ၊ ပြဌာန်းကျမ်းစာ၊ ဝိနည်းဓိုရ်နှင့် သာသနာရေးကော်မတီများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၃၄၇-၁၃၅၈ / ၁၉၈၆-၁၉၉၇
အိန္ဒိယ၊ သီရိလင်္ကာ၊ အမေရိကန်နှင့် အခြားနိုင်ငံများတွင် မြန်မာစာ၊ ပါဠိ၊ အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာစာပေများကို သင်ကြားပို့ချတော်မူခဲ့သည်။
၁၃၅၀ / ၁၉၈၉
သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A. in Buddhist Studies ဘွဲ့ကို ရရှိခဲ့သည်။
၁၃၆၄ / ၂၀၀၃
အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ A Study of Jainism According to Buddhist Literature ကျမ်းဖြင့် Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။
၁၃၆၇-၁၃၈၁ / ၂၀၀၅-၂၀၁၉
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည်။
၁၃၇၁ / ၂၀၀၉
မဟာသုဗောဓာရုံ သာသနဝံသ ဂဏာဓိပတိ မဟာနာယကအဖြစ် ဆောင်ရွက်တော်မူပြီး CBS စစ်ကိုင်း၊ ဓမ္မဝိဇ္ဇာလရ သုဗောဓာရုံကျောင်းတိုက်နှင့် သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တို့ကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
၁၃၇၃ / ၂၀၁၂
ပြင်ဦးလွင်မြို့ အောင်ချမ်းသာရွာတွင် ဓမ္မသဟာယသာသနစင်တာ Institute of Dhamma Education ကို တည်ထောင်တော်မူခဲ့သည်။
၁၃၇၅ / ၂၀၁၄
ဇာတိဒေသရှိ နယ်သူနယ်သားများ၏ ကျန်းမာရေးနှင့် ပညာရေး တိုးတက်ရေးအတွက် ဒယာနန္ဒဖောင်ဒေးရှင်းကို တည်ထောင်တော်မူခဲ့သည်။
၁၃၇၇ / ၂၀၁၆
မေတ္တာနန္ဒဆေးရုံကို ဆောက်လုပ်လှူဒါန်းပြီး ရန်ကုန်အမြန်လမ်းဒေသတွင် IDE Yangon နှင့် သစ္စာနန္ဒဓမ္မစင်တာတို့ကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
၁၃၇၈-၁၃၈၁ / ၂၀၁၆-၂၀၂၀
ပြင်ဦးလွင်၊ နေပြည်တော်၊ အမေရိကန် Pennsylvania နှင့် စိုးမိုးအိုင်ဒေသများတွင် ဓမ္မစင်တာများ တည်ထောင်ဖွင့်လှစ်တော်မူခဲ့သည်။
၁၃၅၇ / ၁၉၉၆
နိုင်ငံတော်က အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။
၁၃၆၁ / ၂၀၀၀
နိုင်ငံတော်က ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ရရှိတော်မူခဲ့သည်။
၁၃၇၉ / ၂၀၁၈
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယကအဖြစ် တင်မြှောက်ခံရပြီး နိုင်ငံတော်နှင့် စေတိယင်္ဂဏအသင်းကြီးတို့က ဂုဏ်ထူးဘွဲ့များ ဆက်ကပ်ခဲ့သည်။
၁၃၈၁ / ၂၀၂၀
နိုင်ငံတော်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ဆက်ကပ်ခဲ့သည်။